Tuesday, November 6, 2012

သုဝဏ္ဏဘူမိ ပအိုဝ်းတိုင်းပြည်

သိုင်းထုမ်ဟာမြို့ပြနိုင်ငံဖြစ်လာခဲ့ပြီး အချိန်တန်တော့သုဝဏ္ဏဘူမိ ပအိုဝ်းတိုင်းပြည်ရဲ့မြို့တော်ဖြစ်လာခဲ့ ပါသည်။ ဤသည်မှာ �သိုင်းထုမ်� ရဲ့အဓိပ္ပါယ်မှာ �ရွှေကိုကောက်ယူ� ဟုအဓိပ္ပါယ်ရပါသည်။ မြစ်များစီးဆင်းရာ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ စစ်တောင်းမြစ်တို့မှပါလာသော သဲနှုန်း၊ ရွှံ့ညွှန်တွေမှာ ရွှေကိုရှာယူရတာဖြစ်တယ်။ ဒါကြောင့်ဒီနေ ရာဒေသတွေကို ရွှေကျွန်းဆွယ်ဟု ဒုဗိုလ်မူးကြီးအေအာမက်မတွန် ခေါ်ဝေါ်တာသင့်လျှော်နေပါ တယ်။ နောက်နှစ်ပေါင်းများစွာကြာလာသော် ဗမာမင်းနော်ရထာက သိုင်းထုမ်ကိုသိမ်းယူသည့်အခါ ဒ်ီနာမည် ကိုဖျက်ပြီး ရာဇဝင်အရေးပါမှုမြှပ်သွားစေရန် �သထုံ� ကိုပြန်လည်အမည်သတ်မှတ်ခဲ့ပါသည်။ ပအိုဝ်းဘုရင်တွေ အရှေ့ဘက်မှာအုပ်စိုးစဉ် ဧရာဝတီမြစ်ဝဘက်မှာ ပအိုဝ်းဘုရင်များကတိုင်းပြည် ခုနှစ်မြို့တည်ထောင်ခဲ့သည်။ သုဝဏ္ဏဘူမိဟာရာဇဝင်သမိုင်းအရအရေးပါမှုဖြစ်လာဟာ သူရိယစန္တာမင်းမွေးဖွားလာတဲ့အချိန်မှာ ဖြစ် ခဲလှတဲ့ဖြစ်ရပ်အကြောင်း အရင်းတွေပေါ်လာခဲ့တာနှင့်ဆုံဆည်းကြုံကြိုက်ခဲ့လို့ဘဲဖြစ်ပါတယ်။ မင်းမွေးဖွာချိန်မှာ နေနှင့်လတို့ဟာ မိုးကုပ်စက်ဝိုင်းမှာတပြိုင်တည်း ထွန်းပနေချိန်ဖြစ်ပါတယ်။ နေဝင်ချိန်နဲ့ လထွက်ချိန်တိုက်ဆိုင် နေတဲ့အခါဖြစ်ပါတယ်။ �သိုင်းထုမ်� ကိုအုပ်ချုပ်ခဲ့တဲ့ဒီမင်းကို ပအိုဝ်းဘာသာစကားမှာ �ခွန်မှုးလာ� လို့ခေါ်ပါ တယ်။ အဓိပ္ပါယ်ကနေနှင့်လတပြိုင်တည်းရှိစဉ်လို့အဓိပ္ပါယ်ရပါတယ်။ �ဒဲဉ်သီးလာ� ရဲ့လပြည့်နေ့လို့အခေါ်အ ဝေါ်ဟာ မတ်လနှင့်ကိုက်ညီပါတယ်။ ဗမာမင်းများရဲ့ရာဇဝင်အရ သုဝဏ္ဏဘူမိကိုတည်ထောင်သူဟာ သူရိယစန္ဒာရဲ့အဖေဘုရင်ကြီးဖြစ်ပြီး ဘိုးတော်အဉ္စန သက္ကရာဇ်ဖြိုပြီး (၂)ခုကြွင်းထားတဲ့နှစ်ဖြစ်ပါတယ်။ ခရစ်မပေါ်မှီ (၆၈၀)ဘီစီ လောက်ဖြစ်တယ် ဘိုးတော်အဉ္စနမင်းဟာဒုတိယမဟာသမတမင်းဆက်မှ ၂၈ ဆက်မြောက်ဖြစ်တယ်လို့ ဗမာရာဇဝင်မှာဆိုပါတယ်။ ဒီမင်းသိဒ္ဓတ္တဂေါတမ (၅၆၈-၄၈၀) ဘီစီရဲ့ရှေးအဆက်အနွယ်ဘဲဖြစ်ပါတယ်။ သူရိယမင်းအုပ်စိုးစဉ်အခါမှာ အရေးပါဆုံးဖြစ်ရပ်က ဂေါတမမြတ်စွဘုရာကိုဖူးတွေ့ရခြင်းပဲဖြစ်ပါတယ်။ ဘုရားဖြစ်ပြီးနောက်သုဝဏ္ဏဘူမိသို့ ဘုရာရှင်ကြွရောက်စဉ်သူရိယစန္ဒာမင်းဟာ အသက်ရာကျော်ရှိနေပြီးဖြစ် သည်။ ဘုရားရှင်ဟာသုံးကြိမ်တိုင်တိုင်ကြွရောက်လာခဲ့တယ်။ အကြိမ်ရောက်တိုင်းနတ်ကိုးကွယ်တဲ့ပအိုဝ်းတွေ ကို ဘသရဲ့အခြေခံကျင့်ဝတ်တရားတွေ၊ သစ္စာလေးပါးတရားမြတ်တို့ကို ရှင်းလင်းဟောပြောပေးခဲ့ပါတယ်။ သူရိယစန္ဒာမင်းကမြတ်စွာဘုရာကို သူနဲ့သူ့တိုင်းသူပြည်သားတွေကိုပင် ခွါမသွားဖို့တောင်ပန်လျှောက်ထားပါ တယ်။ ဒါပေမဲ့မြတ်စွာဘုရားဟာ ဗုဒ္ဓသာသနာကိုအားလုံးသော ဝေနေယျသတ္တဝါအတွက်ဖြန့်ချီပေးရမှာဖြစ်လို့ တနေရာထဲမှာအစဉ်အမြဲအနေထိုင်နိုင်ပါဘူး။ မြတ်စွာဘုရားက ဆံတော်မြတ်ကိုနုတ်၍ ဗုဒ္ဓကိုယ်စားကိုးကွယ်ရန် သူရိယစန္ဒာမင်းအားပေးသနားတော် မူခဲ့သည်။ သူရိယစန္ဒာမင်းနှင့်ပအိုဝ်းလူမျိုးတို့ဟာ သုဝဏ္ဏဘူမိသထုံပြည်မှာ ပထမဦးဆုံး ဗုဒ္ဓဘာသာဝင်တွေဖြစ် လာကြပါတယ်။ ဗုဒ္ဓရဲ့သာသနာကိုအပြည့်အဝယုံကြည်လက်ခံလာသူဖြစ်ပြီး ၊ နောက်ယဉ်ကျေးမူအသစ်၊ အပြုအမူအနေအထိုင်အသစ်နဲ့ဘုရားတပည့်သားတွေဖြစ်လာကြပါတယ်။ သူရိယစန္ဒာမင်းကဘုရားရှင်ရဲ့ ဆံတော်တစ်ဆူကို ရွှေစာရံစေတီတော်တည်ပြီး ဌာပနာထားကာကိုကွယ်ကြပါတယ်။ ဒုတိယဆံတော်တစ် ဆူကိုယိုးဒယားဘက်သို့ပို့ပြီး နာခုန်ပထုံမှာ စေတီတည်ထားပြီး ကိုကွယ်စေတယ်။ ကျန်ဆံတော်တစ်ဆူကို သူရိယစန္ဒာရဲ့ အမွှာသားနှစ်ယောက်မှ အကြီးတယောက်ကိုပေးပြီး ကိုးကွယ်စေတယ်။ ဒီသားကြီးဟာထီးနန်း စွန့်ပြီး တောမှာတရားအားထုတ်နေသူဖြစ်တယ်။ သူရိယစန္ဒာမင်းကွယ်လွန်တော့ ညီငယ်မင်းသားက ပအိုဝ်း တိုင်းပြည်ကိုဆက်လက်အုပ်ချုပ်ခဲ့တယ်။ ဒါကိုညီငယ်ကသင့်တော်မည့်နေရာကိုရှာပြီး တတိယဆံတော်ကို ကျောက်ဂူကြီးရဲ့ကျောက်စွန်ထိပ်မှာ တည်ထားကိုးကွယ်ပြီး ပအိုဝ်းဘာသာစကားနှင့်ဆိုလျှင် �ဖရာလုံးဒန်း� လို့ခေါ်ပါတယ်။ ပအိုဝ်းလူမျိုးတွေဟာတိုင်းပြည်မြို့ရွာတွေတည်ထောင်ထားတဲ့ ပွါအို နဲ့ စကောလူမျိုးတို့နှင့် သင်မြတ် ညီညွှတ်စွာနေထိုင်ပြီး သုဝဏ္ဏဘူမိကိုပြင်ပရန်သူမှကာကွယ်စောင့်ရှောက်ကြတယ်။ ယခုခေတ်မှာတော့ ပဲခူး ဖြစ်ပါတယ်။ ပွါအိုဝေးတိုင်းပြည်ကိုတော့ ဝေဝါမြစ်(ဧရာဝတီ) ဝကသရေခေတ္တရာလိုက်ကြတယ်။ ယနေ့အခေါ် တော့ပြည်မြိုဖြစ်ပါတယ်။ အားလုံးသောကရင်မျိုးနွယ်တိုင်းနိုင်ငံငယ်လေးတွေကတော့ အောက်မြန်မာပြည်မြစ် ဝကျွန်းပေါ်ဒေသဖြစ်ပါတယ်။ သူရိယစန္ဒာမင်းဆက်တွေအနက်အရေးပါတဲ့မင်းကတော့ �ဓမ္မပါလ� မင်းဖြစ်ပါတယ်။ ဒီအခါမှာ အိန္ဒိယ က အာသောကမင်းကြီး (၂၇၄-၁၃၆)ဘီစီ ကဗုဒ္ဓသာသနာကိုအာရှနိုင်ငံများသို့ သာသနာပြုစေ လွှတ်တဲ့အချိန် ကာလ ဖြစ်တယ်။ အာသောကမင်းက ဟိန္ဒူဇာတ်စနစ်နှင့် ကြီးမားတဲ့ယဇ်ပူဇော်ပသတဲ့စနစ်ကို ပယ်ထုတ်ခဲ့ပါ တယ်။ ဗုဒ္ဓသာသနာတောကိုသန့်ရှင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ စေတီ၊ ပုထိုး၊ ကျောင်းကန်တွေတည် ဆောက်ပေးခဲ့ပါ တယ်။ သုဝဏ္ဏဘူမိကပအိုဝ်းတွေအပေါ် ဗုဒ္ဓသာသနာဟာပိုမိုလွှမ်းမိုးလာခြင်းနှင့်အတူ အိန္ဒုမြစ် ဝှမ်ယဉ်ကျေးမှု ဟာလည်း အရှေ့ဘက်ကိုတိုးချဲ့ရောက်ရှိလာတယ်။ တရုတ်ပြည်ကပါလာတဲ့ နတ်ကိုးကွယ်တဲ့ စနစ်ဟာလဲ မကြာခင်မှာဘဲပျောက်ကွယ်သွားပြီး ဗုဒ္ဓဘာသာဟာပအိုဝ်းတွေထဲမှာအမြစ်တွယ်လာတယ်။ ဓမ္မပါလမင်းဟာနိုင်ငံရပ်ရှားတိုင်းပြည်များနှင့် ကုန်သွယ်မှု ဆက်ဆံမှုကောင်းအောင်လုပ်တယ်။ အိန္ဒိယ သိဟိုသို့ ယဉ်ကျေးမူအဖွဲ့စေလွှတ်တယ်။ စာပေနဲ့ယဉ်ကျေးမှုတွေကိုအပြန်အလှန်ဖလှယ်ကြပြီး။ ဖုရားဖူးများအနေနှင့် လည်းရောက်ရှိကြသည်။ ဒါတင်မကဘဲ တရုတ်ပြည်ဘက်ရှိဖုရားများကလည်း သုဝဏ္ဏဘူမိသို့ဖုရားဖူးအဖြင့် ရောက်ရှိခဲ့ကြသည်။ သုဝဏ္ဏဘူမိဟာတရုတ်ရာဇဝင်မှာ ဟန်မင်းဆက်အုပ်စိုးစဉ် (၆၁၈-၉၀၇)အေဒီခုနှစ်တွေက ပိုင်လာအိုတိုင်းပြည်ကိုထင်ရှားစေခဲ့သည်။ ဒီအချိန်မှာတရုတ်ပြည်ဟာစာပေအရေးအသား အဆင့်မြင့်နေပြီဖြစ် သည်။ တရားဥပဒေ၊ အလေးချိန်ခွင်၊ အတိုင်းအတာစနစ်တွေ ရေနာရီ နေနာရီနှင့် ဝတ္ထုကိုတီထွင်ပြုလုပ်နေကြ ပြီဖြစ်သည်။ ဤသို့ဖြင့်အိန္ဒိယနှင့် တရုတ်ပြည်က ယဉ်ကျေးမှုနှစ်ခုက ပအိုဝ်းတွေရဲ့ယဉ်ကျေးမှုကို တိုးတက်စေ ပြီးခေတ်ကာသစ်တခုကိုရောက်ရှိစေတယ်။ သုဝဏ္ဏဘူမိဟာအိန္ဒိယနှင့် တရုတ်ကုန်သွယ်တွေရဲ့ ကုန်ပစ္စည်းလဲ လှယ်ရာဌာနလည်းဖြစ်ပါတယ်။ ဘုရင်ဓမ္မပါလမှာ ဓမ္မကောသာလခေါ် သားတစ်ယောက်ရှိတယ်။ သူဟာထူးချွန်သောပုဂ္ဂိုလ်တဦးဖြစ်ပါ တယ်။ သူ့ကိုဗုဒ္ဓဘာသာကိုလေ့လာရန်အတွက် သီဟိုဠ်သို့အကြီးအကဲရဟန်းရဲ့အမိန့်တော်ဖြင့်စေလွှတ်ခဲ့ပါ တယ်။ ကံကောင်စွာဖြင့် ဗုဒ္ဓသာသနာရဲ့တတိယသင်္ဂါယနာတင်ပွဲ ဘီစီ(၂၆၁) ပြုလုပ်ချိန်မှာတက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ဓမ္မကောသဟာဘာသာစကား စာပေအရေးအသားနှစ်ခုလုံးမှာကျွမ်းကျင်ပြီး ပိဋကတ်တော် (၃၆) တွဲခန့်ရှိသော ဗုဒ္ဓစာပေတွေကိုသက္ကတဘာသာမှကူးယူပြီးပြန်ဆိုရေးသားထားပါတယ်။ ကူးယူပြီးသောပိဋကတ် စာပေတွေကို သက္ကတဘာသာမှ ပအိုဝ်းဘာသာသို့ အများအားဖြင့်သိကြသော ပျူ စာ(၃) ပုံတဝက်ဝိုင်း ပုံသဏ္ဍာန်ရှိတဲ့ အက္ခရာဖြင့်ရေးသားထားပါသည်။ အရှင်ဓမ္မကောသဟာပိဋကတ်သုံးပုံမှ ပျူစာကိုပြန်ဆိုရာမှာ ကြီးစွာသောလုံ့လဖြင့်အားထုတ်ရသည်။ ဒီစာတွေကို ဘုန်းကြီးကျောင်းက ရဟန်း သာမဏေတွေကိုလည်းသင်ကြားပေးပြီး ဒီလိုပြန်လည်ဆန်းသစ်လာ ခြင်းဟာ နိုင်ငံခြားဆက်ဆံရေး၊ ကုန်သွယ်ရေးတွေမှာ တန်းတူညီမျှမူရှိပြီး အိန္ဒိယနှင့်ဆက်ဆံ ရေးပိုမိုတိုးမြင့်လာ တယ်။ သုဝဏ္ဏဘူမိမြို့ဟာ ကောင်းမွန်တိုးတက်ကြီးပွားသောမြို့နိုင်ငံဖြစ်လာခဲ့တယ်။ မြို့တော်ကိုအုတ်နံရံတွေနဲ့ ကာတယ် နောက်ပြီးအိမ်တွေကိုကြက်မောက်သစ်မာသားတွေနဲ့ဆောက်လုပ်တယ်။ အိန္ဒိယက ပန်းပုထုဆရာ တွေ၊ ဗိသုကာဆရာတွေ၊ ကျောက်ထုတတ်သူတွေ၊ ပန်ချီးဆွဲတတ်သူတွေငှားပြီးတော့ သင်ကြားလုပ်ဆောင်ကြ လို့ ပအိုဝ်းတွေဟာ သူတို့ကိုယ်တိုင်လုံလောက်မှုနှင့် လွှတ်လပ်မှုရှိလာကြတယ်။ တပြိုင်ထဲတည်ရှိကြတဲ့ စကော နှင့် ပါအိုတို့ရဲ့ ဥဿနှင့် သရေခေတ္တရာနိုင်ငံတို့ကတော့ ဆုတ်ယုတ် ပျက်ပြားစေတယ်။ ဒီအခါမှာ အိန္ဒိယပြည် တေလင်္ဂနနှင့် ဩရိဿတို့မှ အိန္ဒိယန်းကုန်သည်တွေ ရောက်လာတိုး ပွားများလာတော့ ဒေသခံတွေနဲ့ရောနှောမိပြီး အိမ်ထောင်ဖက်ပြုကြတယ်။ ဒီလူတွေရဲ့လွမ်းမိုးမှုနှင့်အကျိုးစီးပွား တွေးမြင်လာကြပါတယ်။ တစတစနှင့်လူတို့ရဲ့ဓလေ့ထုံးစံတွေနဲ့တည်ထောင်မှုပြုလာတာတွေ၊ နေရာချထားမှုတွေ ကြောင့် ဒီနေရာကမ်းခြေတလျှောက်ဟာ ရာမညဒေသရယ်လို့ဖြစ်လာခဲ့ပါတယ်။ မူလတိုင်းပြည်နှင့် ပြည်ဖြစ်တဲ့ ပြည်နှင့် ပဲခူး၏တလိုင်းတွေရဲ့တိုင်းပြည်ဖြစ်သွားတယ်။ တလိုင်းတွေကအနောက်ဖက်မှာပိုမိုကြီးမားစွာအုပ်ထိန်းမိ ပြီး ပအိုဝ်းတွေကလည်းသူတို့နှင့် ငြိမ်းချမ်းစွာ အတူအကွနေထိုင်နိုင်ဖို့ဖြစ်လာရတယ်။ ထို့ကြောင့်ကူးသန်းရောင်း ဝယ်ရေးနှင့်ဘာသာရေးမှာ အပြန်အလှန်ဆက်သွယ်လုပ်လာရတော့သည်။ သုဝဏ္ဏဘူမိက သထုံရွှေစာရံနှင့် ဥဿပဲခူးက ရွှေမော်ဓောဘုရားတို့ဟာနှစ်စဉ်ဘုရာပွဲ ကျင်းပရာ တလိုင်းနှင့်ပအိုဝ်းတို့ရဲ့ဘာသာရေးတရာ ပွဲလမ်း သဘင်ကျင်းပရာဗဟိုဌာနတွေဖြစ်လာရတယ်။ တလိုင်းနှင့် ပအိုဝ်းဟာတစ်ဦးနှင့်တစ်ဦးလူမူရေးရာ ထိတွေ့ဆက် ဆံမှုတွေရှိလာပါတယ်။ ပအိုဝ်းဘုရင်နောက်ဆုံးမင်းလက်ထက်မှာ သုဝဏ္ဏဘူမိ အရေးအကြီးဆုံးကံကြမ္မအဆင့် ကို ရောက်တော့တယ်။ ပြည်သူပြည်သားတွေဟာလောဘကြီးခြင်း၊ ဘာသာရေးများလျှစ်လျူရှုခြင်း ဖြင့် နောက်ဆုံး ဗုဒ္ဓဘာသာအတုအယောင်သာဖြစ်လာခဲ့ကြပါတယ်။ အောက်လှမ်းမှော်ပညာ နှင့်အဂ္ဂိယအတတ်တွေ ကို အီဂျစ်နှင့် ပါရှန် ကုန်သွယ်တွေက တင်သွင်းလာတာဖြစ်တယ်။ ဘုန်းတော်ကြီးကျောင်း စနစ်ပျက်ပြားပြီး အရက်သောက်လောင်းကစားတာတွေလဲ အများ အကျင့်ဖြစ်လာတယ်။ အကောင်သောနမူနာနဲ့ဝမ်းနည်းဖွယ် တွေဟာနောက်ဆုံး ပအိုဝ်းမင်းမနူဟာမင်းလက်ထက်မှာဖြစ်ရတာ ဘဲ၊ ဒီမင်းဟာသူရဲ့မူးမတ်ပညာရှင်တွေရဲ့အကြံဥာဏ်ကိုမယူ၊ ဆန့်ကျင်ပြီး ပဲခူးသူမင်းသမီးတစ်ယောက်နှင့်ယူ တယ်။ ဒီမင်းသမီးဟာမကောင်တဲ့ဘက်မှာကျော်ကြားပြီး ဆိုးသွန်းညှုစ်ညမ်းတဲ့အကျင့် လွှမ်းမိုးနေသူဖြစ်လို့ တိုင်းပြည်တခုလုံးအကျင့်ပျက်မှုဖြစ်ရတယ်။ တိုင်းပြည်တစ်ခုလုံး အကျင့်ပျက် အစည်းပျက်ရန်ပွဲတွေဖြစ်၊ ဘာသာ တရားကို မေ့လျော့ကုန်ကြ၊ စာရိတ္တတွေလည်းပျက်ကုန်ကြတယ်။ ရှင်အရဟံကဘုရာရှင်ကို သတိပေးတော်မူ တယ်။ သူတို့လုပ်ပုံလုပ်နည်းတွေမပြင်ကြလျှင် ဘုန်ကြီးတွေနှင့် ပြည်သူပြည်သားတွေဟာ ဘေးအန္တာရာယ် ကျ ရောက်တော့မယ်လို့ ရှင်အရဟံရဲ့သတိပေးချက်ကိုသူတို့နားမဝင်ကြလို့ ရှင်အရဟံစိတ်ပျက်စွနဲ့ ပုဂံပြည်သို့ ခရီးထွက်ခွာခဲ့ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ အရည်းကြီး ဝါဒလွှမ်းမိုးခံနေရတာကို မှန်ကန်တဲ့ဗုဒ္ဓဘာသာ တင်သွင်းပေးဖို့ပါဘဲ။ ရှင်အရဟံဟာတနေ့မှာ ပုဂံပြည်ရဲ့လမ်းမပေါ်မှာ ဆွမ်းခံထွက်တယ်။ ဦးခေါင်းရိတ်ထားပြီး အဝါရောင် သင်္ကန်းနှင့် ထူးဆန်းသောမြင်ကွင်းကိုသတိပြုလာမိတယ်။ ပုဂံပြည့်ရှင်ရဲ့ဘုရင်နော်ရထာထံကို ဒီသတင်းပေါက် ကြားသွားတော့ သူ့ရဲ့နန်းတော်ဆောင်ဆီကို ပင့်ဆောင်စေခဲ့ပါတယ်။ နန်းတော်မှာရှင်အရဟံက ဘုရင်ကို ဗုဒ္ဓတရားတော်တွေနဲ့ကျင့်စဉ်တွေကို ဟောပြခဲ့ပါတယ်။ အနော်ရထာဟာ ပိဋကတ်သုံးပုံအကြောင်းကိုကြားသိ ရပြီး ဘုန်းကြီးများနဲ့ ပအိုဝ်းတွေရဲ့ စာရေးသားမှု ပျူစာတွေသုံးနေတဲ့အောင်မြင်မှုတွေကို အားကျကာသူကိုယ် တိုင်အတွက်ပိဋကတ်ရတနာတွေကို ရရှိရန်ဆန္ဒဖြစ်လာရသည်။ ဒီအချိန်မှာဗမာဘုရင်ဟာသူ့တိုင်းသူပြည်သားတွေကို ဗမာအဖြစ်မှတ်သားဖေါ်ပြပြီးသားဖြစ်တယ်။ သူမှာ ထေရဝါဒဗုဒ္ဓဘာသာ ကောင်းစွာထွန်းကားတဲ့အောက်ဗမာပြည်သို့ သုဝဏ္ဏဘူမိပြည်တို့နှင့် တရာဝင်ဆက်သွယ်မှု မရှိခဲ့ပါဘူး။ ပုဂံပြည်မှာပြည်သူပြည်သားတွေဟာအရည်းကြီးရဟန်းတွေရဲ့ ဆုပ်ကိုင်မှုထဲမှာရှိနေပြီး ဖရိုဖရဲအကွဲ တပြားစီဖြစ်နေကြတယ်။ အရည်းကြီးရဟန်းတွေဟာနှစ်ပေါင်းများစွာ ဗမာပြည်သူတွေအတွက် ရှက်စရာဖြစ်နေ ရတယ်။ မားယွင်းတဲ့ဘာသာရေးအယူဝါဒနှင့် လူတွေနှောင်ကြိုးချီထားရာကနေလွှတ်စေလိုပါတယ်။ သူ့မှာတရား ပိဋကတ်တွေမရှိပါဘူး၊ သန့်စင်တဲ့ဗုဒ္ဓဘာသာဟာ သုဝဏ္ဏဘူမိမှာရှိပြီးသားဖြစ်တယ်။ ဒါကြောင့်သုဝဏ္ဏဘူမိဘုရင် မနူဟာထံ သူရဲ့သံတမန်တွေကိုစေလွှတ်ပြီးပိဋကတ်သုံးပုံကို ဝေငှရရှိရန် တောင်းဆိုလိုက်ပါတယ်။ မကောင်းတဲ့ မိဖုရားရဲ့လွမ်းမိုးမှု ကိုခံနေရတဲ့ မနူဟာဘုရင်ကြီးဟာ သံတမန်တွေကိုရိုင်းပြစွာစော်ကားမော်ကား ဆက်ဆံလိုက် တယ်။ သူကဗမာတွေဟာမသိနားမလည်တဲ့သူတွေဘဲ ပိဋကတ်တွေကိုဖတ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ မာန်မာဏထောင်လွှားတဲ့မနူဟာရဲ့ မယဉ်ကျေးတဲ့အပြုအမူတွေကြောင့် အနော်ရထာဘုရင်က အမျက်ပြင်းထန် စွာထွက်ပြီး သူစစ်တပ်ကို သုဝဏ္ဏဘူမိပြည်ကိုဖျက်ဆီး ပြစ်ရန်အမြန်စေလွှတ်လိုက်သည်။ ခရစ်နှစ် (၁၀၅၇)ခုနှစ်မှာ သုဝဏ္ဏဘူမိပြည်ဟာဖျက်ဆီးပစ်ခံရပြီး အနုပညာလက်ရာတွေ ဆင်းတုတော် တွေ၊ စေတီပုထိုးတွေ၊ အထိမ်းအမှတ်တွေ၊ အဆောက်အဦးတွေအားလုံးပျက်စီးကုန်တယ်။ ရှိရှိသမျှအားလုံးပျက် စီးကုန်တဲ့အတွက် ရှေးဟောင်းပအိုဝ်းယဉ်ကျေးမှုတွေဟာဘာမှ မကျန်အောင်ဖြစ်သွားပါတယ်။ မာနကြီးသ လောက်မူးမိုက်တဲ့ မနူဟာအတွက် နောက်ထပ်အခွင့်အလမ်မရှိတော့ပါဘူး။ တတိုင်းပြည်လုံး အလုယက်ခံရ၊ ပြည်သူတွေရဲ့ရွှေငွေဥစ္စာတွေအထိမ်းသိန်းခံရ ဘုရင်နှင့် မိဖုရား၊ နန်းတော်ရှိသူတို့ ပစ္စည်းတွေ၊ ပညာရှိမှုးမတ်တွေ၊ ရုပ်ထုပညာရှင်တွေ၊ ပန်ချီးပန်ပု၊ ကျောက်ထုပညာရှင်တွေအား လုံးကို သိမ်းကျုံးပြီး ကျေးကျွန်တွေကဲ့သို့ဖန်းဆီးသွားပါတယ်။ သူတို့ကိုပုဂံခေါ်ဆောင်သွားရာမှာ သူတို့လက်ဝါး တွေကိုဖေါက်ပြီး ကြိုးနှင့်သီချည်နှောင်ကာဆွဲခေါ်သွားကြတယ်။ ပိဋကတ်သုံးပါးအစုံနှင့် ရဟန်းတော်များ၊ သက္ကတ၊ ပျူစာများအားလုံး ပုဂံသို့ယူဆောင်သွားပြီး ဗမာတွေဆီမှာ ဗုဒ္ဒယဉ်ကျေးမူအသစ်တရပ်ကို စတင်ထူ ထောင်ပြီး သင်ကြားစေတယ်။ ပအိုဝ်းတွေ (၃၀၀၀) အလွန်ခန်းနားတဲ့ ပုဂံကို ဇရပ်ဆောက်ပေးရန်အတွက် ကျေး ကျွန်တွေအဖြစ် အတူအကွခေါ်ဆောင်သွားခြင်းခံရတယ်။ ပုဂံမှာအနော်ရထာကသူတိုင်းသူပြည်သားတွေကို သုံ့ပန်းများ တောင်ဘက်ရောက်လာတယ်လို့ ကျေငြာတယ်။ ဒီအခါကစပြီး ပအိုဝ်းတွေကို တောင်သူ၊ တောင်သား၊ တွေလို့ ဗမာတွေကခေါ်ကြရာက ပအိုဝ်းဟာတောင်သူဖြစ်သွားတယ်။ အင်္ဂလိပ်လက်ထက်မှာ တောင်သူကို လယ်သမား မှတ်ယူကြပြန်တယ်။ ဒါကြောင့်အခါကယဉ်ကျေးမှုနဲ့ သန့်စင်တဲ့ပအိုဝ်းလူမျိုးကို ရိုးရိုး အတန်းစားဖြစ်တဲ့လယ်သမားလို့ထင်သွားရတာဖြစ်တယ်။

Thursday, October 25, 2012

“အောင်လိုသူအတွက်စည်းကမ်း”

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ အောင်လိုသူမှန်သမျှ နည်းလမ်းသည်အရေးကြီးသကဲ့သို့ စည်းကမ်းသည်လည်း အရေးအလွန်ကြီး၏။ လူ့လောကတွင် စည်းကမ်းဥပဒေ စသည်တို့ကိုကျယ်ပြန့် များပြားစွာ သတ်မှတ်ထားရ၏။ အောင်လိုသူသည် စည်းကမ်းဟူသမျှကို လိုက်နာကျင့်သုံးသူဖြစ်ရ၏။ စည်းကမ်းဆိုသည်မှာ မလွဲမသွေ လိုအပ်သောကြောင့် ပေါ်ပေါက်လာရသော ချုပ်ချယ်မှုဖြစ်၏။ လူသည် မိမိတစ်ဦးတည်း မနေနိုင်သောကြောင့် အများနှင့်ငြိမ်းချမ်းစွာ ပူးပေါင်းနေနိုင်ရေးအတွက် ပေါ်ပေါက်လာရသော လိုလားအပ်သည့် ချုပ်ချယ်မှုများဖြစ်သည်။ အောင်မြင်သူမှန်သမျှသည် နည်းလမ်းကောင်းသကဲ့သို့ စည်းကမ်းလည်းကောင်းကြ၏။ ပြောရာ၊ လုပ်ရာ၊ စားရာ၊ သွားရာ နှင့်အရာရာတွင် စည်းကမ်းအတိုင်းလုပ်နေခြင်းသည် အောင်မြင်ခြင်းအစ ဖြစ်သည်။ စည်းကမ်းရှိစွာ ရိုးသားဖြောင့်မတ် မှန်ကန်သော အပြောအဆို အပြုအမူသည် ကိုယ်ကျင့်စာရိတ္တ၏ ကျောရိုးပင်ဖြစ်သည်။ အအောင်မြင်သော အကြောင်းတရားမှာ…. ၁။ ဇွဲ ၂။ ပညာ ၃။ စည်းကမ်း ၄။ သမ္ဘာ ၅။ လေ့လာဆည်းပူးမှု ၆။ ပတ်ဝန်းကျင်ကောင်းတို့ ဖြစ်၏။ ပညာအခံရှိပြီး ဇွဲနှင့် စည်းကမ်းကောင်းက အောင်မြင်ခြင်းများသည် တစ်ဆင့်ပြီးတစ်ဆင့် ရနိုင်သည်။ အကွပ်မဲ့ကြမ်းမှန် သမျှ ပရမ်းပတာ ဖြစ်တတ်သကဲ့သို့ စည်းကမ်းမဲ့သူမှန်သမျှလည်း ပရမ်းပတာဖြစ်တတ်၏။ စည်းကမ်းသည် လူ့တန်ဖိုး ဖြစ်ပြီး စည်းကမ်းရှိမှ လူပီသ၏။ စည်းကမ်းရှိသော လူနှင့်စည်းကမ်းမဲ့သော လူသည် ဘ၀တိုးတက်ခြင်း ကွာခြားသကဲ့သို့ အတူလည်း ပေါင်းသင်းပြီးလည်း မနေနိုင်ပါ။ ဘာသာရေးပညတ်ချက်များသည်လည်း စည်းကမ်းများပင် ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ငါးပါးသီလ၊ ခရစ်ယာဉ်ဘာသာဝင်တို့၏ ပညတ်တော် (၁၀)ပါး စသည်တို့သည် လေ့လာကြည့်လျှင် လူတို့ငြိမ်းချမ်းပျော်ရွှင်စွာနေနိုင်အောင် သတ်မှတ်ထားသော စည်းကမ်းကြီးများဖြစ်သည်။ အစားမှာလည်း စည်းကမ်းရှိရသကဲ့သို့ စကားမှာလည်း စည်းကမ်းရှိရသည်။ စည်းကမ်းမရှိသော စကားလေးတစ်ခွန်း ကလည်း အမှားကြီးတစ်ခုကို မှားတတ်၏။ အလုပ်တစ်ခု ကိုသော်လည်းကောင်း ၊ ဘ၀တစ်ခုကိုသော်လည်းကောင်း ပြောင်းလဲသွားတတ်၏။ စည်းကမ်းမဲ့ခြင်းသည် အသေးအဖွဲကလေးများမှ စတင် စည်းဖောက်ရာမှ အလေ့စွဲလာခြင်းဖြစ်၏။ မကောင်းသော အကျင့်နှင့် စည်းကမ်းမဲ့မှုသည် အသေးအဖွဲကလေးများမှ တစ်စတစ် အရင့်အမာကြီးဖြစ်အောင် စွဲတတ်ကြသည်ကို သတိပြုရမှာဖြစ်သည်။ စည်းကမ်း၊ နည်းလမ်းကျစွာနှင့် ကောင်းစွာ ဆင်ခြင်လေ့ရှိသောသူသည် အမှားအယွင်းနည်း၏။ စည်းကမ်းနှင့် ကြိုတင်ကောင်းစွာ ဆင်ခြင်သောကြောင့် မှားခြင်းမရှိနိုင်။ ထိုသို့သော လူများသည်၊ ရိုးရိုးလုပ်ပြီမဆင်ခြင်သော လူများထက် အောင်မြင်ရေးမှာ ခရီးပေါက်တတ်သည်။ လူတစ်ဦးတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ စာရိတ္တနှင့် စည်းကမ်းဖြစ်သည်။ မိမိဘ၀ကို မြတ်နိုးလျှင် အချိန်ကိုလည်း စည်းကမ်းကြီးစွာ ထားရ၏။ အချိန်ကိုစည်းကမ်းမဲ့က ဘ၀ရှေ့ရေးသည်လည်း စည်းကမ်းမဲ့သွားတတ်၏။ တွေးခေါ်ရှင်ဘင်ဂျမင်ဖရင်ကလင်က. . . ဘ၀ကိုမြတ်နိုးသလား၊ မြတ်နိုးလျှင် အချိန်ကိုမဖြုန်းနှင့် ဘ၀ဆိုသည်မှာ အချိန်ဖြင့် ဖွဲ့စည်းထားသောကြောင့်ဟုဆို၏ပြောရာတွင် စည်းကမ်း ၊ လုပ်ရာတွင် စည်းကမ်း၊ သွားရာတွင် စည်းကမ်း၊ အချိန်တွင် စည်းကမ်း၊ အရာရာတိုင်းသည် စည်းကမ်းသည် အရေးကြီးတကာ့ အရေးကြီးပါ ကြောင်းရေးသား တင်ပြ အပ်ပါသည်။